ဆန္ဒခံယူပွဲရလဒ်အားအယုံအကြည်မရှိဟုတိုင်းရင်းသားမဟာမိတ်အဖွဲ့ကပြောဆို

Thursday, June 5, 2008, 5:46 PM

Post your comment Post Comment | Email this to your friend 0 comments


ဗထူး။ ဇွန် ၅၊ ၂၀၀၈

စစ်အစိုးရပြုလုပ်ခဲ့သည့်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် နည်းမျိုးစုံဖြင့်အကြပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့်အဆိုပါရလဒ်အား အယုံအကြည်မရှိကြောင်းစည်းလုံးညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA)ကသဘောထားထုတ်ပြန်လိုက်သည်။

ဆန္ဒမဲပေးသူ၏(၉၂.၄၈)ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းပုံအားအတည်ပြုသည်ဟုစစ်အစိုးရခေါင်းဆောင်ကကြေညာခဲ့ပြီးနောက် တိုင်းရင်းသားပါတီများကယခုလ(၂)ရက်နေ့ကသဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(UNA)သည်၁၉၉၀ပြည့်နှစ်မေလရွေးကောက်ပွဲတွင်တရားဝင်နိုင်ငံရေးပါတီမှတ်ပုံတင်ကာရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားပါတီ(၁၂)ပါတီဖြင့် ဖွဲ့စည်းထားသည့်အင်အားကြီးမားသည့်တိုင်းရင်းသားမဟာမိတ်အဖွဲ့ ဖြစ်သည်။


နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ပေါင်းများစွာ သေကျေခဲ့ပြီး ပြည်သူအများအိုးမဲ့အိမ်မဲ့ ဖြစ်ကာတနိုင်ငံလုံး ဝမ်းနည်းပူဆွေးနေသည့်အချိန်တွင်စစ်အစိုးရက ပြည်သူလူထုအရေးကိုလျစ်လျူရှုကာ ဒီမိုကရေစီအနှစ်သာရကင်းမဲ့၍ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပေဒေကို အတည်ပြုရန်ကြိုးစားခဲ့သည်ဟု(UNA) ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

စစ်အစိုးရရုပ်သေရုပ်များဖြစ်သည့်ဒေသအာဏာပိုင်များ၊ဌာနဆိုင်ရာများ၊ကြံ့ဖွံ့နှင့်စွမ်းအားရှင်ဆိုသူများက
ရိုးသားနားမလည်သော ပြည်သူအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ဲိုဲဖြားယောင်းသွေးဆောင်ခြင်းအပြင်မဲရုံတာဝန်ရှိသူများက မသာမာသောနည်းဖြင့် ထောက်ခံမဲ ရယူခြင်းတို့ကြောင့် ပြီးစီးသွားသည့်ဆန္ဒခံယူပွဲသည့်လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း ရှုမြင်သည်ဟုကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါကောက်ကျစ်မှုများကိုသိရှိသည့်နိုင်ငံတဝှမ်းရှိပြည်သူများကတိကျခိုင်လုံသော အထောက်အထား
ထွက်ဆိုချက်များကို ဖော်ပြလာကြပြီး နိုင်ငံတကာမှသိရှိရန် ကုလသမဂ္ဂသို့ နေ့စဉ်မပြတ် တင်ပြနေပြီဟုဆိုသည်။

ထို့ကြောင့် အစိုးရပြုလုပ်ကြေညာခဲ့သည့်ဆန္ဒခံယူပွဲအားလုံးဝအယုံအကြည်မရှိကြောင်းပြောဆိုပြီးပြည်သူများအနေဖြင့် ခိုင်လုံမှန်ကန်တိကျသော ထွက်ဆိုချက်အထောက်အထားများ ဆက်လက် ဖော်ထုတ်သွားကြရန် (UNA) သဘောထားထုတ်ပြန်ချက်နိဂုံးတွင် တိုက်တွန်း ထားသည်။

ရိုးမ(၃)မှဖေါ်ပြပါသည်



နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ