ဝိညာဉ်တွေမလွတ်မြောက်ပဲနဲ့
ရှုမျှော်ခင်းတွေကိုခံစားဖို့မလွယ်လှဘူး။
ကိုယ့်အရိပ်တွေကိုကြည့်ပြီး
သူရဲကောင်းလိုဟန်ဆောင်နေတဲ့သူတွေအကြောင်း
မေ့ထားချင်တယ်။
အုပ်စုလေးဖွဲ့တတ်ယုံလောက်နဲ့
ခပ်ညံ့ညံ့အတွေးလေးတွေသောက်တတ်ယုံလောက်နဲ့
နွေဦးကိုအပိုင်စီးဖို့စိတ်ကူးနေသူကို
တခုတော့မှာလိုက်ချင်တယ်။
ဘဝဆိုတာ
နှင်းပန်းစမ်းကျရေနဲ့
လောင်းကြေးထပ်ထားတဲ့သွေးစီးချောင်းတွေ…..
ပေါင်းပြီးလောင်မီးကျနေတဲ့အခန်းတခုဆိုတာ။
လာကွယ်
နွေဦးကိုလိပ်ပြာသန့်သန့်ခံစားရအောင်ပါ။
အောင်မိုးဝင်း
0 comments:
Post a Comment