အဖမ်းခံဗကသကျောင်းသားများ၏မိသားစုများမှမေတ္တာရပ်ခံချက်

Monday, August 11, 2008, 10:00 PM

Post your comment Post Comment | Email this to your friend 13 comments


မကြာသေးခင်ကအဖမ်းခံရတဲ့ ဗကသကျောင်းသားတွေရဲ့မိသားစုတွေကနေနိုင်ငံတကာရောက်လူငယ်တွေကတဆင့်
ဒီမိုကရေစီရေးအတွက်ကြိုးစားလုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေကိုမေတ္တာရပ်ခံလိုက်ပါတယ်။ ဖြစ်ပုံကဒီလိုပါ။
(၁) အဖမ်းခံရပြီးပြန်လွတ်လာတဲ့“မခင်ငြိမ်းချမ်းစိုး” ဟာ ၊ပြည်ပကထုတ်ဝေတဲ့ကြေငြာချက်(Statement) တစောင်ကြောင့်
ပြန်အဖမ်းခံခဲ့ရပါတယ်။
(၂) ပြည်ပကဦးစီးထုတ်ဝေတဲ့ဂျာနယ်တခုကြောင့်မြစ်ဝကျွန်းပေါ်မှာလူသေအလောင်းတွေသွားမြှုပ်လို့အဖမ်းခံထားရတဲ့လူတွေ
စစ်ကြောရေးစခန်းမှာပြန်လည်ညှင်းဆဲနှိပ်စက်ခံခဲ့ရသလို၊ တချို့ကျောင်းသူတွေရဲ့ထောင်ဝင်စာတွေ့ခွင့်တွေအပိတ်ခံလိုက်ရပါတယ်။

ဒါကြောင့်အဖမ်းခံရတဲ့မိသားစုတွေက “သက်ဆိုင်ရာမိသားစုတွေကိုအသိပေးအကြောင်းကြားခြင်းမရှိပဲကြေငြာချက်တွေမထုတ်ဖို့၊
အဆက်အသွယ်ရှိကြောင်းကိုတိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊သွယ်ဝိုက်သောနည်းနဲ့ဖြစ်ဖြစ်မီဒီယာတွေကတဆင့်အင်တာဗျူး
မလုပ်ကြဖို့၊ သူတို့ရဲ့ဒုက္ခတွေကိုငြိမ်သက်စွာကူညီကြဖို့” တိုက်တွန်းတောင်းဆိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

အဖမ်းခံကျောင်းသားများ၏ မိသားစုများကိုယ်စား

The rest of the post


13 comments:

Anonymous said...

ကိုအောင်မိုးဝင်း

ဒီထက် ပိုပြီး ကျယ်ကျယ်ပြန့် ပြန့်  အီးမေးလ်နဲ့ ဖြန့် 
သင့်တယ်လို့  ထင်တယ်။ လိုအပ်ရင်ပြောပါ။
ကျနော်တို့ မှာ အီးမေးလ် လိပ်စာ တထောင်ကျော် ရှိတယ်။

လေးစားစွာဖြင့်
သက်လင်း

Nem Davies said...

ကိုအောင်မိုးဝင်းရေ။။

လူတိုင်းဟာ ပြည့်စုံသူရယ်မရှိပါဘူး။ ခုလို ကိုဝင်းမင်း တို့ ကို ဝေဖန်လိုက်တဲ့အပေါ်မှာ စိတ်မကောင်းပါဘူး။။ သူတို့ ထက်ကော ဘယ်သူတွေ ဘာပိုလုပ်တာ တွေ့ ပါသလည်း။။ Bush နဲ့ တွေ့ လို့  မြန်မာ့အရေး မထူးခြားရင်တောင်မှ Bush ဆိုတဲ့ ခေါင်းဆောင်တယောက်နဲ့ တွေ့ တယ်ဆိုတာ ၀မ်းမြောက်စရာပါ။။ ဒါကြောင့် ကိုအောင်မိုးဝင်း ကိုလည်း မေးပါရစေ။။ မြန်မာပြည်အတွက် ခုလတ်တလော ဘာလုပ်နေပါသလည်းဆိုတာ။။။။

မနန်း

Anonymous said...

ဝင်းမင်း၊အောင်နိုင်ဦးတို့အလုပ်လုပ်တယ်ဆိုတာဖောက
်ပြန်တဲ့အလုပ်ကိုပြောတာလား။ NGOs ကောင်မတွေခိုင်းတဲ့အတိုင်းလုပ်ရတာကိုပြောတာလား။အဲ့ဒါတော့ပိုမလုပ်ပါရစေနဲ့ဗျာ။
ဗမာပြည်ထဲကလူတွေအပါအဝင်၊နိုင်ငံတကာမှာရောက်
နေတဲ့လူတွေအားလုံးသိနေတယ်ဗျ။ အဆိပ်ပင်ရေလောင်းတယ်ဆိုတဲ့ဝေါဟာရရယ်၊
အားပေးတယ်ဆိုတဲ့ဝေါဟာရရယ်နှစ်ခုကြားကအဓိပ္ပါယ်။
မပြည်စုံဘူးဆိုတာသန်းရွှေတို့လိုမချမ်းသာသေးတာက
ိုပြောတာလားဗျာ။ခြစားတဲ့လူတွေကတော့နာမှာပေါ့နော်။
အောင်မိုးဝင်း


Anonymous said...

မနန်းဆိုတာဝင်းမင်းရဲ့(-------) လား။
ညီး တို့တတွေနိုင်ငံရေးမလုပ်ခင်အောက်တန်းစား၊
စိတ်ဓါတ်တွေကနေရုန်းထွက်ကြစမ်းပါ။သူများကဆဲဆိုခံရပြီးချမ်းသာတယ်ဆိုတာခွေးရူးကောင်းစားတမွန်းတည့်ပါအေ။
ဝင်းမင်းညီမလည်းအင်ဒီယားနားမှာအဆဲခံနေရတယ်။သိလား။အမျိုးတွေကောင်းစားပြီးပြည်သူတွေဆင်းရဲတာကိုနိုင်ငံရေးလုပ်တယ်ဆိုရင်တော့နင်တို့စစ်တပ်နဲ့သာသွားပေါင်းလိုက်တော့။

Anonymous said...

ပုရစ်ဝင်းမင်းနဲ့အပေါင်းအပါများစပ်စပ်ခါနာကုန်ကြလေသတည်း။လုပ်စားနိုင်ငံရေးသမားများကျဆုံးပါစေ။အရိုးအရင်းကိုက်လာဟောင်နေသောမအေးလိုမယားငယ်များလည်းချုပ်ငြိမ်းကြပါစေ။

Anonymous said...

မနန်းခင်ဗျား--အောင်မိုးဝင်းအကြောင်းသိချင်ရင်
ကျနော်ဆီလာခဲ့ပါလား။တညလုံးစကားပြောကြတာပေါ့။
စကားမစပ်--ဝင်းမင်းကဘာလို့ကိုမိုးသီးဇွန်ကိုဥက္ကဌလို့
ခေါ်ခဲ့ပြီးကိုဇော်ဦးရဲ့မြေအောက်ခန်းမှာသွားအိပ်ရတာလဲ။ဖြေကြားပေးပါ။

ဝါရှင်တန်ဒီစီမှလူများ

Anonymous said...

ဝင်းမင်းညီမကဘယ်လိုလုပ်အမေရိကမှာစကော်လားရှစ်ရတာလဲ။ဖြေကြားပေးစေချင်ပါတယ်။

Anonymous said...

မနန်းကရောဘာတွေလုပ်နေပါသလဲသိပါရစေကွယ်။
နော်မူအေး

Anonymous said...

နယ်စပ်ကလူတွေကသူတို့မှနိုင်ငံရေးလုပ်တယ်လို့ထင်
နေကြတယ်။ဟုတ်လို့လား။ ကျမတို့ကကိုယ့်အလုပ်ကိုလုပ်ရင်းတိုင်းပြည်ချစ်တာပါ။
တော်လှန်ရေးလုပ်သူတွေလက်ကြောတင်းနိုင်ကြပါစေ။

Anonymous said...

ဗကသတွေထဲမှာအညံ့ဆုံးနဲ့အညစ်ဆုံးကောင်တွေက
တော့ ဝင်းမိုး၊သာကျော်မောင်နဲ့မြတ်စိုးပဲဗျ။ ကိုယ်ကျင့်တရားကလည်းပျက်မှပျက်။ သွားမပေါင်းကြနဲ့နော်။

ဗကသ

Anonymous said...

Please discuss about politics.Tha Kyaw Mg is kid.Don't mention about him

KT

Anonymous said...

နယ်စပ်ကတော့ နတ်ဆယ် မှရတော့မှာပါကွယ်

Anonymous said...

ဝင်းမင်းကဇော်ဦးမကောင်းကြောင်းတလျောက်လုံး
ပြောခဲ့ပြီးခုကျဇော်ဦးတပည့်ဘာလို့ဖြစ်သွားတာလဲ။
ရှုပ်လိုက်တဲ့ကောင်တွေကွာ။ ဂေါက်ရိုက်နေတာကောင်းပါတယ်။

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ