ခရစ်စမတ်နေ့ကနယူးယောက်မြို့လည်မှာတညလုံးသွားအချိန်ဖြုန်းဖြစ်ကြတယ်။တီးဝိုင်းတွေ၊ပြဇာတ်တွေ၊လူတွေ....
အစုံပဲ။ဘာစာမှမဖတ်တော့ပဲ...(၃)ရက်လုံးလုံးဒီပြင်လူတွေကိုလိုက်ငေးနေတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသူကိုဖိုးခွားလည်းပါတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေအစုံပဲ..ကျနော်တို့နိုင်ငံကလူတွေကိုတွေ့အုံးမလားလို့ရှာကြည့်မိတယ်။
မတွေ့ရဘူး။တခုခုတော့မှားနေပြီထင်တယ်။ကျနော်တို့နိုင်ငံရေးလုပ်တဲ့သူတွေကအင်တာနက်တွေမှာ၊တယ်လီဖုံးအစည်းအဝေးတွေမှာ
အချိန်ကုန်တာများတယ်။အမှန်ကအပြင်မှာတခြားလူမျိုးတွေဘယ်လိုနေတယ်။ဘာတွေလုပ်နေတယ်ဆိုတာကိုလည်းတွေးဖို့ကောင်းတယ်။
တခြားသူတွေကိုကြည့်ရတာတော်တော်ပျော်ဖို့ကောင်းတယ်။သူတို့ဘဝတွေနဲ့ကျနော်တို့ဘဝတွေရဲ့ကွာခြားမှုကိုသိလာတယ်။
၂၀၀၉မှာကျနော်တို့ရဲ့အမေရိကကအတိုက်အခံတွေရဲ့ဒီဇိုင်းတွေပြောင်းဖို့လိုပြီတဲ့။
ဒေါ်စုနားမှာလုံခြုံရေးတာဝန်ယူခဲ့သူကိုဖိုးခွားကတော့..ဝါရင့်နိုင်ငံရေးသမားဟောင်းတယောက်ဆုတောင်းတဲ့စကားလိုကျန်တဲ့သူတွေကို
ဆုတောင်းပေးနေတယ်။ဝါရင့်နိုင်ငံရေးသမားဟောင်းတယောက်ကရပ်ကွက်ထဲမှာဆိုးသွမ်းနေတဲ့လူငယ်တယောက်ကို
“ကဲ.....မောင်မင်းကြီးသား..ကျမ်းမာပါစေ။ချမ်းသာပါစေ”လို့ဆိုတော့လူငယ်တွေကမေးကြတယ်။
“ဟာ...အဘ...ဘာလို့ဒီလိုကောင်မျိုးကိုဆုတောင်းပေးနေတာလဲဆိုတော့...အဖိုးကြီးကဖြေတယ်။
“မင်းတို့ဘာသိလဲကွ...ဒီကောင်တွေကအဆင်မပြေဖြစ်နေရင်လူတွေကိုသိတ်ဒုက္ခပေးတာ..ဒီကောင်တွေအဆင်ပြေမှဖြစ်မယ်”တဲ့
အင်း...ကျနော်တို့လောကမှာလည်းဒီလိုပါပဲ။အားလုံးပဲအဆင်ပြေကြပါစေဗျာ။
0 comments:
Post a Comment