ဆရာဝန်မရှိတဲ့အကျဉ်းထောင်တွေ

Friday, December 19, 2008, 4:21 PM

Post your comment Post Comment | Email this to your friend 0 comments

မြန်မာနိုင်ငံရှိအချို.ထောင်များတွင်MBBSဘွဲ.ရထောင်ဆရာဝန်များမရှိဘဲ အကျဉ်းဦးစီးဌာနမှဆေးမှုးများအဆင့်သာရှိသည်ဟုသိရသည် ။
(ဂ)အုပ်စုအဆင့်ရှိ ဘူးသီးတောင်ထောင်၊ပူတာအိုထောင်နှင့်ခန္ဓီးထောင်တို့တွင် ထောင်ဆရာဝန်များမရှိဘဲဆေးမှူးအဆင့်သာရှိသည်ဟု
အင်းစိန်ထောင်၊မြောင်းမြထောင်နှင့်ပုသိမ်ထောင်တို့တွင် အကျဉ်းကျခံခဲ့ရဖူးသည့်ကိုဇော်ကြီးကFreedom News Groupသို့ပြောသည်။
၎င်းကဆက်လက်ပြီး”(က)အဆင့်ရှိတဲ့မြောင်းမြထောင်လိုမျိုးမှာတောင်ထောင်ဆရာဝန်ကသင်တန်းသွားတက်ရတာနဲ့ခရီးသွားရတာနဲ့
အမြဲမရှိဘူး”ဟုပြောသည်။လတ်တလောတွင် လည်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကံထွန်းသည်
ထောင်အတွင်းကိုယ်ခန္ဓာတခြမ်းလေဖြတ်သွားကြောင်း သိရသည်။နိုင်ငံရေးအကျဉ်းသားများမှာထောင်တွင်းသို့ပြင်ပမှဆေးဝါးတင်သွင်း
ခွင့်လည်းမရှိဘဲ(က)အဆင့်ရှိထောင်များတွင်သာမန်(MBBS)ဘွဲ့ရဆရာဝန်တဦးစီသာရှိသည်။မြန်မာနိုင်ငံ၏ထောင်တွင်းဆေးဝါးကုသမှုမှာ
အင်မတန်ညံ့ဖျင်းပြီးထောင်ဆရာဝန်များကြောင့်သေဆုံးခဲ့သည့်နိုင်ငံရေးအကျဉ်းသားများမှာမနည်းတော့ချေ။


The rest of the post


နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ