ရိုက်ခပ်နေသောလွတ်မြောက်ရေးဝိညာဉ်များ(၂)

Saturday, July 26, 2008, 1:30 PM

Post your comment Post Comment | Email this to your friend 0 comments


ပြည်တွင်းကလွှတ်တော်ကိုယ်စားလှယ်တွေက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုသတိယဖို့
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းဆီကိုစာရေးပို့ပြီးသိတ်မကြာခင်မှာ ဘန်ကီးမွန်းရဲ့ ဗမာပြည်မိတ်ဆွေများဆွေးနွေးပွဲကနေ..
၂၀၁၀ ရွေးကောက်ပွဲဟာသန့်ရှင်းမျှတဖို့ဆိုတဲ့လိုတယ် ဆိုတဲ့နှပ်ကြောင်းပေးနိုင်ငံရေးလမ်းကြောင်းတွေကို ချလာခဲ့တယ်။
ကျနော်ကတော့နိုင်ငံတကာလှုပ်ရှားမှုတွေမှာသွေဖီသွားနိုင်တဲ့ အမှားနှစ်ခုကိုစဉ်းစားကြည့်တယ်။
တခုက .. ပြင်ပမှာရောက်နေတဲ့အတိုက်အခံကဖန်တီးမှုအားနည်း လာတဲ့အခါ လူထုကိုနောက်မြီးဆွဲတဲ့အဆင့်ကိုရောက်သွားပြီး၊
နောက်တခုက ပြည်တွင်းရဲ့ ပြည်ပကိုမှီခိုမှုအားကြီးလာမှု။ ဖြစ်ရပ်နှစ်ခုကိုဆွေးနွေးထားပါတယ်။ မတူညီတဲ့နောက်ခံကားချပ်တွေနဲ့
မတူညီတဲ့လှုပ်ရှားရုန်းကန်မှုတွေ။ ကျနော်တို့ ဘယ်နေရာမှာရောက်နေပြီလဲ။ စဉ်းစားနိုင်ပါတယ်။

မိတ်ဆက် (၁)

အာဖရိကန်အမျိုးသားကွန်ဂရက်လို့လူသိများတဲ့ ANC ကိုလွန်ခဲ့တဲ့လ(၂၀၀၈ ဂျွန်လ)မှာအမေရိကန်ပြည်ထောင်စုကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်
စောင့်ကြည့်ရမဲ့စာရင်းကနေဖျက်သိမ်းလိုက်ပြီလို့ဆိုတယ်။ဒါပေမဲ့ နယ်ဆင်မင်ဒဲလားနဲ့အေအန်စီခေါင်းဆောင်တွေကိုတော့အမေရိကန်ပြည်ထောင်စုကို
လာလည်ဖို့ဗီဇာမပေးခဲ့ပါဘူး။တောင်အာဖရိကလွတ်မြောက်ရေးလှုပ်ရှားမှုတုံးကလည်းနယ်လ်ဆင်မင်ဒဲလားကိုအကျဉ်းထောင်ကနေလွှတ်ပေးဖို့
အပြင်းအထန်ကန့်ကွက်ခဲ့သူက လက်ရှိအမေရိကန်ဒုတိယသမ္မတ ဒစ်ချင်နီ၊ သူကအဲ့ဒီတုံးကကွန်ဂယက်အမတ်တယောက်ပဲရှိနေသေးတယ်။
တောင်အာဖရိကအစိုးရကိုစီးပွားရေးပိတ်ဆို့အရေးယူဖို့ကိုလည်းကန့်ကွက်ခဲ့သူကရေဂင်အစိုးရ၊
ဒါကြောင့်လည်းရော်နယ်ရေဂင်အစိုးရကိုတောင်အာဖရိက က ဘုန်းတော်ကြီးဒက်စမွန်တူးတူးကိုယ်တိုင်
“ခရဇ်ယာန်ဘာသာဝင်မဟုတ်သူ၊ ကိုယ်ကျင့်တရားပျက်နေသူ” လို့ဆီးနိတ်ကြားနာပွဲမှာစွပ်စွဲဝေဖန်ခဲ့တယ်။ ကျနော်တို့တောင်အာဖရိကလွတ်မြောက်ရေးလှုပ်ရှားမှုတွေကိုတခုတ်တရပြောဖြစ်ခဲ့ကြ၊ ပြောနေကြရဆဲပါပဲ။ ဒါပေမဲ့ ကျနော်တို့လှုပ်ရှားမှုကို
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တောင်အာဖရိကနိုင်ငံကတရုတ်၊ရုရှားတို့နဲ့ပေါင်းပြီးကန့်ကွက်လိုက်တဲ့အခါ၊
ဇင်ဘာဘွေကိစ္စတွေမှာအာဏာရှင်မူဂါဘီ ကိုဆန့်ကျင်ဝေဖန်ဖို့ အေအန်စီခေါင်းဆောင်တွေကရေငုံနှုတ်ပိတ်နေနေတဲ့အခါ၊
တောင်အာဖရိကလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့အေအန်စီ၊ မင်ဒဲလားရဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုဆက်လေ့လာခဲ့မိတယ်။

တကယ်တော့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမင်ဒဲလားနဲ့နှိုင်းယှဉ်ပြောနေတဲ့ကိစ္စကိုကျနော်မကြိုက်တဲ့အကြောင်းရှိပါတယ်။ နယ်ဆင်မင်ဒဲလားရဲ့နိုင်င်ငံရေးသမိုင်းကိုကျနော်က (၂) ပိုင်းခွဲမြင်တယ်။
တပိုင်းကလွတ်မြောက်ရေးကြိုးပမ်းမှုကာလအတွင်းကတောက်ပြောင်တဲ့သမိုင်း၊
ဒုတိယသမိုင်းက မိတ်ဆွေတွေကိုသစ္စာဖောက်တဲ့ ….သူနဲ့အေအန်စီပါတီရဲ့ရပ်တည်ချက်။ တောင်အာဖရိကနိုင်ငံကိုတကမ္ဘာလုံးကစီးပွားရေးသပိတ်မှောက်လိုက်တဲ့အခါ၊ လန်ဒန်မှာကျောင်းတက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်က
တောင်အာဖရိကကလာတဲ့ပန်းသီးကိုတောင်မစားခဲ့ဘူး။ တောင်အာဖရိကလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တယ်။ ကျနော်တို့နိုင်ငံမိုးထဲလေထဲရောက်နေတဲ့အချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံသတ်ဖြတ်ခံရပြီး၊ အကျဉ်းထောင်ထဲမှာခါးစီးခံနေရချိန်မှာ တောင်အာဖရိကရဲ့ရပ်တည်ချက်ကစိတ်မကောင်းစရာပဲ။ဗမာအစိုးရကိုစီးပွားရေးအရပိတ်ဆို့အရေးယူမှုကိုသဘောမတူဘူးလို့မင်ဒဲလားကပြောခဲ့သလို၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်းတောင်အာဖရိကရဲ့ဗမာပြည်အရေးနဲ့ပတ်သက်ပြီးလစ်လျူရှာတာတွေက
တော်တော်လေးဒေါသထွက်ဖို့ကောင်းတယ်။
(အမေရိကန်ပြည်ထောင်စုတင်သမျှကိုပယ်ချနေတဲ့နိုင်ငံတွေသူတို့မှာသမိုင်းကြွေးဆပ်စရာတွေ၊ဆင်ခြေတွေရှိနေပေမဲ့၊
အာဏာရှင်အစိုးရတွေကိုထောက်ခံတဲ့လုပ်ရပ်တွေကတော့ သမိုင်းမှာအရုပ်ဆိုးစေမဲ့နိုင်ငံရေးရပ်တည်ချက်တခုပဲဖြစ်တယ်)
ဒါကြောင့်ဆရာအံ့မောင်ရေးဖွဲ့တဲ့ နယ်လ်ဆင်မင်ဒဲလားအသက်(၉၀) ပြည့်ကဗျာမှာ ကျနော်စာလေးတကြောင်းနှစ်ကြောင်းထည့်ထားတယ်။

“နယ်လ်ဆင်မင်ဒဲလား ရေ…
အသက်(၉၀) ပြည့်မှာရော်ဘင်ကျွန်းဆီကိုပြန်သွားလိုက်ပြီး
အာဖရိကကိုသစ္စာရှိခဲ့တဲ့မိတ်ဆွေတွေအပေါ်ဥပေက္ခာပြုနိုင်ခဲ့တဲ့
ကိပ်(ပ်)တောင်းမြို့ကနိုင်ငံရေးသမားတွေကို
သွေးစက်ခြေရာနဲ့ ဂုဏ်သိက္ခာဆိုတဲ့ဝေါဟာအကြောင်းမေးပေးစမ်းပါ။
ပြီးရင်.. ညနက်နက်မှာ
အမှောင်တွေပြည့်နေတဲ့ပင်လယ်ဒီရေတွေထဲ
ဘဝကိုဦးတည်ချက်မဲ့ …..ခုန်သာချကြည့်လိုက်ပေတော့” လို့

*****အစအဆုံးဖတ်ချင်ရင်အပေါ်မှာရှိတဲ့“တောင်အာဖရိကလှုပ်ရှားမှု နှင့်ကျနော်တို့ရဲ့ရုန်းကြွမှုများ”ကိုဖတ်ပါ။


နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ