မြူးနစ်

Saturday, October 31, 2015, 9:56 PM

Post your comment Post Comment | Email this to your friend 0 comments
“ မြူးနစ် ” ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ဘူးမိကြလိမ့်မယ်။ ဒါရိုက်တာ “ စတီဗင် စပီးဘတ် ” ရိုက်ကူးခဲ့တဲ့ကားလေး။ အစ္စရေးနိုင်ငံ က အဲ့ဒီ ရုပ်ရှင်ကားကို စိတ်ဆိုးတကြီး တုန့် ပြန်ခဲ့ဘူးတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ ရီပတ်ပလင်ကန် ကွန်ဆာဗေးတစ်တွေကလည်း ဒီ ရုပ်ရှင် အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။ ဒါရိုက်တာ စတီဗင် စပီးဘတ် တယောက်လည်း ဝေဖန်တိုက်ခိုက်ခံရမှုမုန်တိုင်းဗဟိုချက်မမှာ ရောက်ခဲ့ဘူးတယ်။ ဇာတ်လမ်းရဲ့ ကျောရိုးက ၁၉၇၂ မြူးနစ် အိုလံပစ်ပွဲမှာ အစ္စရေးအားကစားသမားတွေ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခံရ ပြီးတဲ့နောက်မှာ၊ အစ္စရေးထောက်လှမ်းရေး မော့ဆက် ဟာ ပါလက်စတိုင်း Black September အဖွဲ့ နောက်ကွယ်မှ တာဝန်အရှိဆုံး ခေါင်းဆောင်ဆိုသူ (၁၁) ယောက်ကို လုပ်ကြံသတ်ဖြတ်တဲ့ကား။ ရုပ်ရှင် ဒိုင်ယာလော့တွေ က သိပ်ကောင်းတယ်။ “ ကျမတို့ ဟာ ဘယ်လို ယဉ်ကျေးမှု တန်ဘိုးတွေ နဲ့ အဲ့သလို အကြမ်းဖက်သမားတွေကို စေ့စပ်ဆွေးနွေးမှာလဲ ” ဆိုတဲ့ မေးခွန်းကို မေးရင်း ထောက်လှမ်းရေးတွေကို နိုင်ငံတကာ စေလွှတ် ပြီး ပါလက်စတိုင်းခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တယ်။ ဒါရိုက်တာ စတီဗင် စပီးဘတ်က အစ္စရေး ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ဘုရှ်အစိုးရ အဖွဲ့ ရဲ့ အော်ကိုင်းဒါး နဲ့ အကြမ်းဖက်သမားများ အပေါ် စစ်ဆင်ရေး နဲ့ ယှဉ်ပြီး ဇာတ်ကားထဲမှာ မေးခွန်းထုတ်တယ်။ “ ငါတို့ ဟာ ဂျူးတွေ ဖြစ်တယ်။ သူတို့ လို အကြမ်းဖက်မှုမျိုး နဲ့ ပြန်တုန့် ပြန်သင့်သလား” ဆိုတာမျိုးတွေ ပါနေတော့၊ အစ္စရေးနိုင်ငံက သိပ်ပြီး စိတ်ဆိုးတယ်။ သူတို့ ရဲ့ လုပ်ရပ် ကို ပါလက်စတိုင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေ ရဲ့ ရည်ရွယ်ချက်တွေ နဲ့ တတန်းတည်း ထားရမလား လို့ ပေါ့။ တကယ်တော့ အစ္စရေး နိုင်ငံဘက်က အဓိက ပြောချင်နေတဲ့အချက်က မော့ဆက် ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ အစ္စရေးပြည်သူတွေအတွက် ရှင်သန်မှုနိုင်ငံရေးဖြစ်တယ်။ စပီးဘတ် ရဲ့ မေးခွန်းထုတ်မှုဟာ စော်ကားတယ် လို့ ယုံကြည်ကြတယ်။ အကြမ်းဖက်မှု နဲ့ ရှင်သန်မှု နိုင်ငံရေး စေ့စပ်ဆွေးနွေးမှုတန်ဘိုး ကို ဘယ်လောက်ထိ ထားမလဲ။ ဘာပဲဖြစ်ဖြစ် ဒီလို ဇာတ်ကားတွေကို ကြည့်မိရင် ပိုပြီး သွက်လက် တက်ကြွလာတာတော့ အမှန်။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို လုပ်ကြံပစ်လိုက်တော့လည်း အေးတာပဲ။ ( ရုပ်ရှင် ကို ပြောတာနော် ) The rest of the post

နိုင်ငံရေးပဲလုပ်လုပ်၊ ချစ်ခြင်းမေတ္တာပဲတွေ့တွေ့ --- ပြန်သင့်တဲ့အချိန် တချိန်တော့ ရှိမှာပါ