ဗိုလ်ချုပ်သန်းရွှေ တို့စစ်အုပ်စုက “ ချောကရက်တွေမလို၊ ကျနော်တို့နိုင်ငံမှာ ဗီတာမင်ပြည့်တဲ့ငါးတွေရှိတယ်။ ဖားရိုက်စားလို့ရတယ်။
ကစွန်းရွက်ခူးစားလို့ရတယ်။”.... စတဲ့တောင်ပြောမြောက်ပြောစကားတွေပြောနေတော့ “လူသတ်သမား (သို့) လူရွှင်တော်” လို့နာမည်
ကြီးခဲ့တဲ့ ၁၉၇၁-၇၉ ကာလက ယူဂန်တာ က အာဏာရှင် “အိုင်ဒီအေမင်” ကိုသွားသတိရမိတယ်။
အိုင်ဒီအေမင် ဆိုတဲ့ကောင်က ထင်ရာမြင်ရာလျှောက်လုပ်၊လျှောက်ပြောနေတော့ သူပညာမတတ်တဲ့အရာတွေက
တခုပြီးတခုဖေါ်ပြနေသလိုဖြစ်နေတယ်။
ယူဂန်တာအာဏာရှင်“အေမင်”လက်ထက်မှာ လူ(၅) သိန်းနီးပါးသတ်ဖြတ်ခံခဲ့ရတယ်။ အာရှသားတွေဖြစ်တဲ့ အိန္ဒိယန်း၊ ပါကစ္စတန်
(ဟင်ဒူ၊မွတ်စလင်) တွေ ခြောက်သောင်းနီးပါးတိုင်းပြည်က နှင်ထုတ်ခံရတယ်။ သူတို့က ယူဂန်တာမှာ စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်
နေတော့ အာဏာရှင်အေမင် က သူ့လူမျိုးတွေအတွက်ထိခိုက်တယ်။ ဒါကြောင့် အာရှသားတွေကိုနှင်ထုတ်ဖို့ဘုရားသခင်က
သူ့ကိုအမိန့်ပေးတယ်ဆိုပြီး၊ လုပ်ချင်ရာလျှောက်လုပ်ခဲ့တယ်။ သူကမဟုတ်တယုတ်လုပ်ထားတော့ အမြဲတမ်းစိုးရိမ်၊
မယုံသင်္ကာစိတ်တွေကိန်းအောင်းနေတယ်။ လူတွေက သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံနေတယ် လို့သူက
ထင်နေတယ်။ ပညာမတတ်တော့ တရက်မှာ ဝမ်းချုပ်ပြီး နေထိုင်မကောင်းတဲ့ကိစ္စကိုသူ့ကိုတစုံတယောက်ကအဆိပ်ခပ်ထားတယ်
လို့ ဆရာဝန်ကိုထိပ်ထိပ်ပြာပြာပြောရှာတယ်။ ရီလည်းရီစရာကောင်းသလို၊ သောက်မြင်ကပ်ဖို့လည်းကောင်းတယ်။
နောက်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တန်ဆန်းနီးယား နိုင်ငံနဲ့စစ်ဖြစ်၊ စစ်ရှုံးလို့ လစ်ဗျားကတဆင့် ဆော်ဒီအာရေဗီးယားကိုထွက်ပြေးရတယ်။ သူ့အဖြစ်အပျက်ဇာတ်လမ်းလေးကို “ စကော့တလန် ရဲ့နောက်ဆုံးဘုရင်” ( The Last King of Scotland ဆိုပြီးရုပ်ရှင်ကားလေးအဖြစ်ဖန်တီးထားတယ်။ ဖောရက်စ် ကအာဏာရှင် အိုင်ဒီအေမင်အဖြစ်သရုပ်ဆောင်ခဲ့ပြီး
၂၀၀၆ အကောင်းဆုံးသရုပ်ဆောင်ဆုအဖြစ် အကယ်ဒမီဆု အပါအဝင် Golden Globe ဆုတွေရခဲ့တယ်။
မကြည့်ရသေးရင်ကြည့်စေချင်တယ်။
ပေါကြောင်ကြောင်နိုင်မှုတွေကိုကြည့်ပြီးဗမာပြည်ကသန်းရွှေ တို့အုပ်စုကိုအမှတ်ရစေပါလိမ့်မယ်။
1 comments:
Former Philippines President Marcos had also told his countrymen to eat worms as a source for protein.
Post a Comment